Monday, 11 February 2013
My Collections
ဗိုလ်လင်္ကျာ
ဗိုလ်လင်္ကျာ
ဗဂျီအောင်စိုး
မောင်မောင်သိုက်
သတိပြုရမည့် NGO အဖွဲ့အစည်းများ၏အကူအညီများ
ချစ်ခင်လေးစားရပါသောလူကြီးတစ်ဦးက
နိုင်ငံတကာ NGO တွေရဲ့အကူအညီတွေ
ကဒေသအတွင်းနေထိုင်သူအချင်းချင်းစိတ်
ဝမ်းကွဲစေသည့်အပြုအမူများကိုမရည်ရွယ်
ပဲဆောင်ရွက်မိတတ်ကြောင်းရခိုင်အရေး
ကိစ္စကိုနမူနာအနေနှင့်သုံးသပ်ပြသွားပါ
သည်။
ရခိုင်ဒေသမှာဗုဒ္ဓဘာသာဝင်တွေရော၊အစ္စလမ်ဘာသာဝင်တွေရောရောနှောနေထိုင်ပြီးဘာသာနှစ်ခုစလုံး
မှလူများဆင်းရဲနွမ်းပါးကြသည်။သို့သော်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများအနေနှင့်မျှမျှတ
တကူညီမှုမျိုးဆောင်ရွက်ရန်လိုအပ်နေဆဲပဲဖြစ်သည်။
လူဦးရေအရအစ္စလမ်ဘာသာဝင်များမှပိုမိုဆင်းရဲသဖြင့်အကူအညီပိုပေးခြင်း၊အစ္စလမ်ဘာသာဝင်ဝန်ထမ်း
များခန့်အပ်ထားခြင်းကြောင့်မျက်နှာလိုက်မှုများရှိခြင်း၊အခြားမိခင်အဖွဲ့အစည်းနှင့်မပါတ်သက်သောဘာ
သာရေးအခြေပြုလုပ်ငန်းများ၊လှုပ်ရှားမှုများတွင်၎င်းတို့၏နိုင်ငံတကာအဆက်အသွယ်များမှတဆင့်ဝင်
ရောက်မြှောက်ပေးခြင်းစသည်ဖြင့်မူလကထဲကတင်းမာနေသောရခိုင်ဒေသတွင်ပဋိပက္ခများဖြစ်ပွားစေဖို့
တွန်းအားများဖြစ်ပေါ်လာခဲ့ပါသည်။
မူလအလှုရှင်များ၏ငွေကြေးများအားငြိမ်းချမ်းရေးထက်အကြမ်းဖက်မှုများအားပံ့ပိုးသည့်ဘက်တွင်ပိုမို
သုံးစွဲစေခြင်းများဖြစ်ပေါ်လာသည်။
အကူအညီဆိုတိုင်းလက်ခံရန်မသင့်ပဲသေသေချာချာလေ့လာစီစစ်သည့်သည်။
Saturday, 5 January 2013
ထားဝယ်စီးပွါးရေးဇုံအကောင်အထည်ဖော်နိုင်ရေး မြန်မာနိုင်ငံက ကြိုးပမ်းလျက်ရှိ
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွါးရေးဇုံအကောင်အထည်ဖော်နိုင်ရေးအတွက် အီတာလျံထိုင်းဖွံ့ဖြိုးမှု ကုမ္ပဏီ(ITD)အစား ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ဆောင်ရွက်နိုင်မည့် ဦးပိုင်ကုမ္ပဏီသစ်တစ်ခုဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံက ကြိုးပမ်းလျက်ရှိသည်။
'' ထားဝယ်စီမံကိန်း ကြန့်ကြာနေခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံက စိုးရိမ်လျက်ရှိပြီး အဆိုပါစီမံကိန်းလုပ်ပိုင်ဆောင်ရွက်ခွင့်ကို ဦးပိုင်ကုမ္ပဏီသစ်တစ်ခုဖြင့် လွှဲပြောင်းဆောင်ရွက်နိုင်ရန်လည်း ဆန္ဒရှိနေသည်'' ဟု ထိုင်းအမျိုးသားစီပွါးရေးနှင့် လူမှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့မှ အတွင်းရေးမှူးချုပ် Arkhom Termpittayapaisith က ပြောကြားသည်။
ဦးပိုင်ကုမ္ပဏီသစ်ကို ထိုင်းအစိုးရပိုင်လုပ်ငန်း၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအဖွဲ့၊ မြန်မာအစိုးရနှင့် အီတာလျံ ထိုင်းဖွံ့ဖြိုးမှုကုမ္ပဏီ(ITD)တို့ ပူးပေါင်းကာ ဖွဲ့စည်းဆောင်ရွက်ဖွယ်ရှိသည်ဟုလည်း Arkhom က ပြောကြား သည်။ အဆိုပါ ဖက်စပ်ကုမ္ပဏီသည် ထားဝယ်စီမံကိန်းအကောင်အထည်ဖော်ရာတွင် ယုံကြည်မှုများ ရှိစေမည် ဖြစ်သည်။ သို့သော်လည်း မြန်မာနှင့် ထိုင်းနိုင်ငံအကြား ကွဲလွဲမှုအချို့ရှိနေသည်။
စုပေါင်းဖွဲ့စည်းထားသည့် အရေးပါသည့်ဦးပိုင်ကုမ္ပဏီတစ်ခုတည်းအနေဖြင့် စီမံကိန်းကြီးတွင်ပါရှိသည့် အစိတ်အပိုင်းများအားလုံးတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် ထိုင်းနိုင်ငံဘက်က လိုလားပြီး မြန်မာနိုင်ငံက စီမံကိန်းအစိတ်အပိုင်းများတွင် ကုမ္ပဏီများက သီးခြားစီရင်းနှီးမြှုပ်နှံကာ ဆောင်ရွက်စေလိုသည်။
မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ ပြည့်စုံကောင်းမွန်စေရန် ထိုင်းနိုင်ငံက အဆိုပြုပြောဆို ထားသည်။ မြန်မာနိုင်ငံတွင် လက်ရှိဥပဒေများအရ စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအခွင့်အလမ်း များမှာ ဆွဲဆောင်မှုနည်းပါးနေသေးကာ ဦးပိုင်ကုမ္ပဏီသစ်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံမှ ရင်းနှီးမြှုပ်နှံငွေများ တိုးမြှင့်နိုင်ရန် အခက်အခဲရှိနိုင်သည်ဟု Akhom က ပြောကြားသည်။
စီမံကိန်းကြီးအတွက် ရင်းနှီးမြှုပ်နှံမှုခန့်မှန်းကုန်ကျငွေမှာ လွန်ခဲ့သည့် ၂နှစ်တွင် ITD က တွက်ချက်ခဲ့ရာ ထိုင်းနိုင်ငံအနေဖြင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုခန့်မှန်းကုန်ကျငွေကို ပြန်လည်တွက်ချက်ရန်လိုအပ်ပေသည်။
ထားဝယ်အထူးစီးပွါးရေးဇုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းနှင့်ဆက်စပ်သည့်စီမံကိန်းများအတွက် မြန်မာ- ထိုင်း အဆင့်မြင့်ကော်မတီအစည်းအဝေးကို လာမည့်လ၌ ထိုင်းနိုင်ငံတွင် ကျင်းပမည်ဖြစ်ကာ မတ်လတွင် မြန်မာနိုင်ငံ ၌ ကျင်းပမည်ဖြစ်သည်။
ဈေးကွက်တန်ဖိုးအရ ITD ကုမ္ပဏီသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ထားဝယ် ရေနက်စီမံကိန်းနှင့် ထားဝယ်အထူးစီးပွါးရေးဇုံဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ၇၅နှစ်အထိ လုပ်ကိုင်ခွင့်ရရှိ ထားသည်။
ဆိပ်ကမ်းနှင့်လမ်းများအပါအ၀င် ပထမအဆင့် အခြေခံအဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၈.၅)ဘီလီယံ လိုအပ်ပေသည်။ ရေနံချက်စက်ရုံများနှင့် စတီးစက်ရုံများကဲ့သို့ အကြီးစား စက်မှုလုပ်ငန်းအစီအစဉ်များပါ ထည့်သွင်းတွက်ချက်ပါက အမေရိကန်ဒေါ်လာ (၅၀)ဘီလီယံအထိ ကုန်ကျ မည်ဖြစ်သည်။
ITD ကုမ္ပဏီလက်ခွဲဖြစ်သည့် ထားဝယ်ဖွံ့ဖြိုးမှုကုမ္ပဏီ(DDC)၏ မန်းနေးဂျင်းဒါရိုက်တာ Somchet Thinaphong က နောက်ထပ်ဝင်ရောက်လာမည့် မိတ်ဖက်ရင်းနှီးမြှုပ်နှံသူများအား ကြိုဆိုပါကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများလေ စီမံကိန်းအတွက် ပိုကောင်းလေဖြစ်ကြောင်း ပြောကြားသည်။
ထားဝယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ထိုင်းအစိုးရက ထိုင်းအစိုးရလုပ်ငန်းများနှင့် ဂျပန်အပါအ၀င် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို မေးမြန်းတိုက်တွန်းလျက်ရှိသည်ဟု ထားဝယ်ဖွံ့ဖြိုးမှုကုမ္ပဏီ(DDC)၏ ၀ါရင့် အကြံပေးပုဂ္ဂိုလ် ခီဝါမူဟွန်ဒါက ပြောကြားသည်။
ထားဝယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာစေရေး  ထားဝယ်အထူးစီးပွါးရေးဇုံဥပဒေအား ပြန်လည်သုံးသပ်ပေးနိုင်ရန် ITD ၏ တောင်းဆိုထားမှုကို မြန်မာအစိုးရက သဘောတူထားသည်။ ထားဝယ် အထူးစီးပွါးရေးဇုံဥပဒေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်မတိုင်မီ လွန်ခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုနည်းကြောင်းကို မစ္စတာ ဟွန်ဒါက ပြောကြားသည်။
ဘိုစိန်
Source; Bkk post
Tuesday, 11 December 2012
ယနေ့ဖတ်မိသမျှ ( ၁၁.၁၂.၂၀၁၂)
၁)၂၀၁၀ရွေးကောက်ပွဲလွန်ကာလကိုဆောင်းပါးရှင်"ခင်မမမျိုး"က၂၀၀၉ကထဲကကြိုတင်ခန့်မှန်းထားသော
ဆောင်းပါးစိတ်ဝင်စားဖို့ကောင်းပါသည်။အကြိုက်ဆုံးစကားစုလေးတစ်ခုပါရှိပါသည်..မတရားမှုတွေသည်
ဥပဒေဖြစ်လာသည့်အခါတော်လှန်ပုန်ကန်မှုသည်တာဝန်တစ်ရပ်ဖြစ်သည်..ယနေ့"နေ့သစ်"စာမျက်နှာတွင်
တင်ထားသည့်အချက်(၉)ချက်ပါသုံးသပ်ထားသောဆောင်းပါးအားဖတ်ကြည့်စေလိုပါသည်..
.အပြည့်အစုံဖတ်ရန်
၂)  ကချင်ပန်ဝါဒေသမှာမဟာဗျုဟာအရအရေးပါသောလမ်းကြောင်းအားပွင့်လင်းရာသီအတွင်းထိန်းချုပ်
 နိုင်ရန်နှစ်ဖက်လုံးအပြင်းအထန်တိုက်ခိုက်နေကြကြောင်းသတင်းများတွင်တွေ့ရသည်။အစိုးရဖက်မှလေကြောင်း
အကူအညီများဖြင့်တိုက်ခိုက်ခြင်း ၊KIA မှလည်းအပြင်းအထန်ခုခံခြင်းလက်လွတ်စခန်းများပြန်လည်သိမ်း
ပိုက်ခြင်းစသည်များတွေ့ရှိရပါသည်။
http://burma.irrawaddy.org/archives/27810
http://burmese.bnionline.net/index.php/news/kng/12384-----kia--.html
Sunday, 9 December 2012
အယ်ဂျာစီယာ၊ဘင်္ဂါလီနှင့်မြန်မာပြည်
ကျွန်တော်တို့ကြီးမားသောစွပ်စွဲမှုတစ်ခုကိုခံနေရပါပြီ...စနစ်တကျလုပ်ကြံထားတဲ့ဇတ်လမ်းတစ်ပုဒ်နှင့်
ကမ္ဘာမှာကျွန်တော်တို့နိုင်ငံသားတွေဘယ်တော့မှမစဉ်းစားဖူးတဲ့ လူမျိုးတုံးအောင်လုပ်တယ်ဆိုသော
စကားနှင့်စွပ်စွဲပြောဆိုခံနေရပါတယ်.....လူနည်းစုတိုင်းရင်းသားတွေကိုဖိနှိပ်တာမျိုးကိုဘယ်လူသားက
မှလက်မခံသလို..နိုင်ငံတစ်ခုရဲ့ပိုင်နက်ကိုကျုးကျော်တာကိုလည်းဘယ်သူကမှလက်မခံပါဘူး..။
သတင်းမှတ်တမ်းကိုရိုက်ကူးခဲ့သူ Phil Rees ကဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီးမှအခုလိုစွပ်စွဲတာလို့
ဆိုပါတယ်.... Genocide တစ်ခုထဲအတွက်ပဲတိုင်ပင်တာလား...နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာအ
တွက်ရောတိုင်ပင်ခဲ့ရဲ့လား.သူသည်.သတင်းသမားလား..ကြေးစားလားဖေါ်ထုတ်ဖို့လိုသည်။
မြန်မာနိုင်ငံသားတစ်ယောက်အနေနှင့်မည်သည့်ဘာသာကိုကိုးကွယ်သည်ဖြစ်စေမြန်မာနိုင်ငံသားဖြစ်
သည်။ကျုးကျော်နေထိုင်လာသူတွေကိုနိုင်ငံသားအဖြစ်လက်ခံရမှာလား..ဒုက္ခသည်အဖြစ်လက်ခံပါမည်ဟု
အတိအလင်းကြေငြာထားပြီးဖြစ်ပါသည်။
နောက်ဆုံး၎င်းသတင်းဌာနရော၊သတင်းမှတ်တမ်းရိုက်ကူးသူတွေရောတစ်ခုပဲပြောခြင်သည်..ကျုးကျော်လာ
သော၎င်းဘင်္ဂါလီတွေလူမျိုးတုံးအောင်လုပ်ပြစမ်းပါ...ကျုပ်တို့လုပ်ခြင်ရင်တောင်လုပ်လို့မနိုင်ပါဘူး...
စွပ်စွဲတဲ့စကားလုံးကသိပ်ကြီးတယ်ဗျာ..ကြေးစားဆိုတာဒီလိုပဲ..ရှေ့နောက်ဆင်ခြင်မှုမရှိဘူး..သတင်းသမား
တွေအရှက်ရစေမည့်အလုပ်ကိုလုပ်လိုက်ခြင်းသာဖြစ်သည်။
Friday, 7 December 2012
စစ်မှန်သောအဖြေအတွက်
တရုတ်သံအမတ်ကြီး(11- Media မှကူးယူပါသည်)
11-Media Group၏တရုတ်သံအမတ်ကြီး၏လက်ပတောင်းတောင်ကိစ္စပြောကြားချက်အားဖတ်ဖြစ်သည့်
အခါယခုဖြစ်ပွားနေသောတရုတ်၏ရင်းနှီးမြုတ်နှံမှုများအပေါ်ဆန့်ကျင်ခြင်းသည်မြန်မာနိုင်ငံ၏နိုင်ငံခြားရင်း
နှီးမြုတ်နှံမှုအားအကြီးအကျယ်ထိခိုက်စေပါသည်ဟုဆိုသည်။
တရုတ်သံအမတ်ကြီးနှင့်အခွင့်ရေးကြုံတုန်းတွေ့ဆုံဖူးပြီး၎င်းစကားပြောပုံကိုလေ့လာဖူးပါသည်။သံတမန်
ပီသသူဖြစ်သော်လည်းလက်တွေ့ဆန်သောသူဖြစ်သည်။ US တွင်နှစ်ပေါင်းများစွာနေထိုင်ဖူးသူဟုသိရ
သည်။
သူ့အမြင်အားထောက်ခံသော်လည်း၊မြန်မာနိုင်ငံသားတစ်ယောက်အနေနှင့်မြန်မာ့အကျိုးကိုသာထောက်
ပြလိုသည်။အထက်ဖေါ်ပြပါ 11-Media Groupသတင်းအားဝင်ရောက်ဖတ်ရှုကြည့်ပါကျွန်တော်တို့၏အား
နည်းချက်အားထောက်ပြသွားပါသည်။
ဘာပဲပြောပြောယခုလိုအစိုးရနှင့်ပြည်သူညီညွတ်မှုမရှိလျှင်၊ရင်းနှီးမြုတ်နှံမှုတန်ဖိုးကြီးမားသောစီမံကိန်းများ
၏သဘောတူညီချက်များအားလှစ်လျှုရှုလျှင်ကျွန်တော်တို့ကမ္ဘာကြီးနှင့်အဆက်အသွယ်ပြတ်နေပါအုန်း
မည်။အစိုးရ၏ဆုံးဖြတ်ထားမှုများအားပြည်သူများကလေးစားလိုက်နာမှုလိုအပ်သလို၊အစိုးရအနေနှင့်ကိစ္စ
တစ်ခုဆောင်ရွက်အခါတိုင်းပြည်သူအများ၏ဆန္ဒကိုဂရုစိုက်ဖို့လိုပါမည်။
မီဒီယာများ၏လက်လွပ်စပယ်ရေးသားမှုတစ်ချို့သည်၎င်း၊နိုင်ငံရေးသမားတစ်ချို့၏ထင်ပေါ်ကျော်ကြားလို
မှုသည်၎င်း၊ပြည်တွင်းစည်းလုံးမှုကိုပျက်ပြားစေပါသည်။
ပွင့်လင်းမြင်သာမှုသည်အရေးကြီးသည်၊ဒါကိုမငြင်းနိုင်သော်လည်းအဓိကအကျဆုံးမှာပြည်တွင်းစည်းလုံး
ညီညွတ်မှုဖြစ်သည်..လွပ်လပ်စွာကွဲလွဲခွင့်ရှိသည်..အရေးကြုံလျှင်တော့စည်းလုံးညီညွတ်ရမည်..နိုင်ငံရေး
ဘာသာရေးမှအစပြည်တွင်းတွင်အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့ကျွန်တော်တို့နိုင်ငံအရေးတကြီး
လိုအပ်နေပါသည်။
တစ်ချိန်တုန်းကဖတ်ဖူးသည်။ US သမ္မတ ကလင်တန် ဟေတီနိုင်ငံကိုကျုးကျော်ဖို့လုပ်တော့ ရီပါတ်ပလင်
ကင် မှဗိုလ်ချုပ်ကြီးဟောင်း ကောလင်းပါဝဲလ် ကအပြင်းအထန်ဝေဖန်ဖူးသည် အမေရိကန်အတွက်အကျိုး
မရှိတဲ့စစ်ပွဲကိုရူးနေလို့ဖန်တီးမည်ဟုပြောခဲ့သည်။အများသဘောအရအပ်နှင်းထားသောတာဝန်နှင့်လုပ်
ပိုင်ခွင့်အရ ကလင်တန် ဟေတီစစ်ပွဲကိုစတင်တော့ ကောလင်းပါဝဲလ် ကသမ္မတနှင့်အစိုးရကိုကူညီအား
ပေးဖို့လိုကြောင်းသူတို့စစ်သားတွေဟေတီကျွန်းပေါ်မှာခြေချနေပြီဖြစ်ကြောင်းပြောကြားခဲ့ဖူးသည်။
ကျွန်တော်တို့ပွင့်လင်းမြင်သာမှု၊အပြန်အလှန်လေးစားမှု၊ယုံကြည်မှုများအမြန်ဆုံးရရှိအောင်ဆောင်ရွက်ပြီး
အတိတ်ကလိုသမိုင်းဆိုးတွေနောင်လာနောက်သားတွေအတွက်မထားခဲ့ကြဖို့တိုက်တွန်းလိုပါသည်။
11-Media သတင်းဖတ်လိုလျှင်....http://news-eleven.com/index.php?option=com_content&view=article&id=16693:2012-12-07-08-24-05&catid=42:2009-11-10-07-36-59&Itemid=112
ယနေ့ဖတ်မိသမျှ ( ၇.၁၂.၂၀၁၂ )
၁)  ရေနဲ့ငါး၊ရဲနဲ့ပြည်သူဆိုတဲ့ဆောင်းပါးလေးဖတ်ကြည့်ပါ.... အပြည့်အစုံဆက်ဖတ်ရန်
၂) ဧရာဝတီကတော့အငြင်းပွားဖွယ်ရာကြေးနီစီမံကိန်းဆိုပြီးမေးခွန်းတွေမေးထားပြီးပါဝင်ဆွေးနွေးဖို့
    ဖိတ်ခေါ်ထားပါသည်။မဆွေးနွေးရင်တောင်ဝင်ဖတ်ကြည့်သင့်သည်။အမြင်တွေသိရှိနိုင်ပါမည်.....