Sunday, 4 March 2012

ဖိုးဝရုပ်



တကယ်တော့
ငါဟာသက်မဲ့ပါ..
နှလုံးသားမရှိဘူး..သွေးသားမရှိဘူး။

အနက်ရောင်ချယ်ရီပန်းတစ်ပွင့်ရဲ့
အပြုံးကြောင့်အသက်ဝင်ခဲ့တာပါ..
အေးခဲနေတဲ့လေကြောင့်
ငါလန့်နိုးတဲ့အခါ..
လက်ထဲမှာမင်းအတွက်အချိုရည်ခွက်တွေကိုင်ထားမိတယ်။

မင်းကြိုက်တဲ့စပျစ်သီးနဲ့
အစိမ်းရောင်ပန်းသီးစိတ်ဟာ..
ငါ့အတွက်ဘ၀တူသက်မဲ့..
သူငယ်ချင်းပါ။

မင်းဖန်ဆင်းတဲ့
မြားပန်းခင်းထဲမှာ..
စိုက်ဝင်နာကျင်မှုတွေခံစားကြည့်ရုံပါ။

တကယ်တော့ငါဟာ.....။

No comments:

Post a Comment