မြေထုကိုအစာကြွေး
ရိုးသားတဲ့..သစ်ရွက်ကလေးတွေ
ဖန်ဆင်းပေးပြီး
နှိပ်စက်နေသလား..နွေ။
ရင်မှာလောင်တဲ့မီး
အပြင်မှာတောင်တက်ပြီး
တောင်ငူမှာ..ဗလောင်ဆူအောင်
လှောင်ပြောင်ရက်သလား..နွေ။
မိုးစက်လေးတွေဖန်ဆင်း
အေးမြခြင်းကို..
နာကျင်စွာခံပျင်း..
ငါ့ကိုတင်းအောင်...
လုပ်နေတာလား..နွေ။
No comments:
Post a Comment