တရုတ်တို့၏စီးပွားရေးလုပ်ငန်းများလုပ်ကိုင်သည့်အခါအဓိကအကျဆုံးအချက်မှာအမြတ်အစွန်းရရှိ
ရေးဖြစ်သည်။မြန်မာနိုင်ငံသို့ဝင်ရောက်လာသောတရုတ်အရင်းအနှီးများအားခွဲခြားလိုက်လျင်အောက်ပါ
အတိုင်းတွေ့ရှိရသည်။
၁)နယ်စပ်ဒေသများမှတရားမ၀င်ခိုးထုတ်သောကုန်ပစ္စည်းများ(ကျွန်းသစ်၊ကျောက်စိမ်း)တို့အားဈေး
အချိုအချောင်ဖြင့်ရယူခြင်း။မြန်မာဘက်မှတရားမ၀င်သော်လည်း၎င်းတို့၏သက်ဆိုင်ရာဒေသအ
စိုးရများမှတရားဝင်အဖြစ်သတ်မှတ်ပေးပါသည်။
၂)တရုတ်နိုင်ငံပိုင်၊ပုဂ္ဂလိကကုမ္မဏီများအားမြန်မာနိုင်ငံ၏သဘာဝအရင်းအမြစ်များထုတ်ယူသည့်လုပ်
ငန်းများတွင်ရင်းနှီးမြုတ်နှံခြင်း။
၃)တရုတ်အစိုးရ၏အကူအညီများချေးငွေများပေးအပ်ခြင်းဖြင့်၎င်းတို့၏ကုန်ပစ္စည်းအသစ်များ၊ရောင်း
မကုန်ပစ္စည်းများအတွက်ဈေးကွက်ရှာဖွေခြင်း။
တရုတ်၏မြန်မာနိုင်ငံအတွင်းစီးပွားရေးလုပ်ငန်းများတွင်ကျင့်ဝတ်များထက်အမြတ်အစွန်းအတွက်အခွင့်
အရေးရနိုင်သောအစိုးရတာဝန်ရှိသူများ၊ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်းရာတွင်လည်းတာ
ဝန်ရှိသူများထံပေါက်ရောက်သောသူများကိုသာရွေးချယ်ခဲ့ပါသည်။သာမန်ပြည်သူများနှင့်ဒေသခံများဂရု
စိုက်ခြင်းမရှိခဲ့ကြောင်းလေ့လာမိပါသည်။
လက်ရှိတရုတ်စီမံကိန်များပြသနာတစ်ခုပြီးတစ်ခုတက်လာခဲ့ခြင်းမှာထိုစဉ်အခါကစီမံကိန်များခွင့်ပြု
သည့်အခါပွင့်လင်းမြင်သာမှုမရှိခြင်း၊တရုတ်တို့၏တင်ပြပါထုံးစံအတိုင်းလူကြီးကလွဲလျှင်ကျန်သည့်အရာ
များဂရုမစိုက်ခြင်းများကြောင့်ပြည်သူလူထု၏ပြင်းပြင်းထန်ထန်ဆန့်ကျင်ခြင်းခံနေရပါသည်။ဒီနေရာမှာသူ
တို့ကိုစီးပွားရေးအမြင်တစ်ခုတည်းဆိုလျှင်အပြစ်တင်ရန်မသင့်တော်ပါ။မည်သည့်စီးပွားရေးသမားမဆို
အကျိုးအမြတ်ရှိလျှင်လုပ်မည်ဖြစ်ပါသည်။
တရုတ်ကုမ္မဏီကြီးတစ်ခုမှအရာရှိတစ်ဦးနှင့်စကားပြောဖြစ်တဲ့အခါ၎င်းကသူဘယ်လိုနားလည်ရမှန်း
မသိကြောင်းသူတို့သည်မြန်မာအတွက်ရန်သူမဟုတ်ကြောင်းအကောင်းဆုံးအိမ်နီးနားခြင်းဖြစ်ကြောင်းနှင့်
၎င်းတို့မြန်မာပြည်အတွက်အကျိုးအမြတ်များအားလည်းဥပဒေနှင့်အညီခွဲဝေပေးသွားမှာဖြစ်ကြောင်းဖြင့်
ပြောကြားပြီးယခုအချိန်မှာ၎င်းတို့အပေါ်တွင်တရားမျှတမှုမရှိဘူးလို့ခံစားရကြောင်းပြောဆိုခဲ့ပါသည်။
၎င်း၏နောက်ဆုံးစကားတရားမျှတမှုဆိုတာကိုပဲပြန်ရှင်းပြရပါသည်ဒီစီမံကိန်းခွင့်ပြုခဲ့တာကရောဒေသခံ
ပြည်သူတွေအတွက်တရားမျှတမှုရှိပါရဲ့လား၊အကျိုးအမြတ်ခွဲဝေပုံတွေကိုရောပြည်သူတွေရှင်းရှင်းလင်းလင်း
သိရဲ့လားဆိုတာဖြစ်သည်။၎င်းကိုအကျိုးအမြတ်ကိုဘယ်သူရရအစိုးရ၊တပ်မတော်၊လူတစ်ဦးတစ်ယောက်
ဘယ်သူဖြစ်ဖြစ်မြန်မာတွေရလျှင်ပြီးရောဆိုတဲ့သဘောပြောတော့ဒါကမင်းတို့အပိုင်းကရှင်းပြရမှာဖြစ်
ကြောင်း၎င်းတို့အနေနှင့်မြန်မာနှင့်တရားဝင်စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့တာပဲဖြစ်ကြောင်းအပြောခံခဲ့
ရပါသည်။အနှစ်ချုပ်ကြည့်လျှင်သူတို့အားအပြစ်တင်မည့်အစားကျွှန်တော်တို့ကိုယ့်ကိုကိုယ်သာအပြစ်
တင်ရမလိုဖြစ်နေပါသည်။
ဒီအချိန်တွေအထိတရုတ်သည်မြန်မာအပေါ်တွင်စီးပွားရေးအရသာဗိုလ်ကျလူလည်လုပ်လိုခြင်းသာဖြစ်
သည်။လတ်တလောတရုတ်ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်ထားပါတယ်နိုင်ငံရေးသိပ္ပံကျွမ်းကျင်သူ
များဖြစ်ပြီးစနစ်တကျလေ့ကျင့်ထားသူများဖြစ်ကြောင်းသိရှိရပါသည်။တချိန်ကတော်လှန်ရေးသမားများ
အင်ဂျင်နီယာများအစဉ်အဆက်အုပ်ချုပ်ခဲ့သဖြင့်ယာဉ်ကျေးမှုတော်လှန်ရေးပေါ်ပေါက်ခဲ့ပြီးတစ်နိုင်ငံစနစ်
နှစ်မျိုးဖြင့်တရုတ်နိုင်ငံသည်ကမ္ဘာ့စက်ရုံကြီးဖြစ်လာခဲ့သည်။ ယခုခေါင်းဆောင်အပြောင်းအလဲကြောင့်
တရုတ်တို့သည်နိုင်ငံတကာဆက်ဆံရေးတွင်ငွေကြေးအကျိုးအမြတ်၊စက်ရုံတွေအတွက်သဘာဝအရင်း
အမြစ်ကုန်ကြမ်းစသည်တို့ထက်ရည်မှန်းချက်များပိုမိုလာမည်ဖြစ်သည်။
ယခုအချိန်မှာအခြင်းခြင်းအငြင်းပွားနေခြင်းအစားအိမ်နီးခြင်းလူဦးရေအများဆုံး၊စစ်ရေးစီးပွားရေးအင်
အားတောင့်တင်းသောတရုတ်အပေါ်ဆက်ဆံရေးအတွက်ရေရှည်အစီအစဉ်များချမှတ်နိုင်ရန်အစိုးရကို
ကူညီသင့်ကြောင်းတင်ပြလိုပါသည်။
(လက်လှမ်းမှီသလောက်ရေးသာခြင်းသာဖြစ်ပါသည်)

No comments:
Post a Comment