၂၀၁၀ရွေးကောက်ပွဲအထိသံသယများနှင့်ရှင်သန်နေခဲ့ရသောမြန်မာတွေအနေနှင့်အစိုးရသစ်တက်လာပြီး
မထင်မှတ်သောအပြောင်းအလဲများဆက်တိုက်ပြုလုပ်ခဲ့သည့်အခါကမ္ဘာကပါစိတ်ဝင်တစားစောင့်ကြည့်ခဲ့
ပြီးယခုဆိုလျှင်ပြုပြင်ပြောင်းလဲမှုအတွက်အကူအညီများပေးခြင်း၊သံတမန်ဆက်ဆံရေးများအဆင့်မြှင့်ထူ
ထောင်ခြင်းစသည်ဖြင့်နိုင်ငံတကာမျက်နှာစာတွင်အောင်မြင်မှုများရရှိခဲ့ပေသည်။
နောက်ဆက်တွဲစီးပွားရေးပိတ်ဆို့မှုများဖြေလျော့ပေးခြင်း၊နိုင်ငံတကာအထင်ကရခေါင်းဆောင်များလာရောက်
လည်ပါတ်ခြင်းစသည့်သံတမန်ရေးရာအောင်မြင်မှုများနှင့်မြန်မာ့နွေဦးဟုခေါင်းစဉ်တပ်လာပြီးအာရပ်ကမ္ဘာ၏
နွေဦးတော်လှန်ရေးများကဲ့သို့သွေးထွက်သံယိုမှုမရှိဟုထင်မြင်သုံးသပ်ခဲ့ကြပါသည်။
သို့သော်ရခိုင်-ဘင်္ဂါလီအရေးမှစတင်ပြီးသွေးထွက်သံယိုမှုများစတင်ခဲ့ပါသည်။လက်ပတောင်းတောင်သည်
လည်းထိုနည်း၎င်းဖြစ်ပေသည်။အပြောင်းအလဲအားတန့်သွားအောင်၊နောက်ပြန်လှည့်ရအောင်မည်သူတွေ
ကလုပ်နေသနည်း၊ဒီမေးခွန်းအတွက်မြန်မာနိုင်ငံသားတိုင်းသိလိုမည်ဖြစ်သည်။
တကယ်တန်းအပြောင်းအလဲတိုင်းမှာတွေ့ရသောပြသနာဖြစ်ပါသည်။ပထမအဆင့်မှာငြင်းဆန်ကြမည်ဖြစ်
သည်။ပြုပြင်ပြောင်းလဲဖို့အော်နေသူတွေကိုယ်တိုင် သူတို့ပြောင်းလဲပြစ်ရမည့်အရာတွေကိုမေ့လျော့နေ
တတ်သည်။
အစိုးရမကောင်းမှဒုက္ခသည်အမည်ခံပြည်ပတွင်ကောင်းကောင်းနေရမည့်သူတွေ၊နိုင်ငံရေးမှာခါတော်မှီသူ
ရဲကောင်းဖြစ်လိုသူတွေ(ယခင်ကထဲကတစိုက်မတ်မတ်အနစ်နာခံခဲ့သူများကိုမဆိုလိုပါ)၊ယခင်အစိုးရလက်
ထက်အခွင့်ထူးခံခဲ့သူတွေ၊ဒီအပြောင်းအလဲမှာအဓိကထိခိုက်ခဲ့ပါသည်။လူနည်းစုသာဖြစ်ပြီးသူတို့ပြသနာ
တစ်ခုကိုဖန်တီးနိုင်သောစွမ်းအားမရှိသော်လည်းထိလွယ်ရှလွယ်ကိစ္စများတွင်မီးထိုးပေးနိုင်ပါသည်။
ယခုဖြစ်ပွားနေသည့်အရေးအခင်းများမှာသမိုင်း၏အမွေဆိုးများဖြစ်ပါသည်။တိုင်းပြည်ကိုအမှန်တကယ်ချစ်
သောစိတ်နှင့်သာစဉ်းစားဖို့လိုပါသည်။ဒီမိုကရေစီနည်းလမ်းမှာလည်းအများသဘောဆန္ဒကိုလေးစားရမည်
ဖြစ်ပါသည်။အရင်လူတွေလိုကျွှန်တော်တို့နောင်လာနောက်သားများအတွက်သမိုင်းအမွေဆိုးများမထားခဲ့
ဖို့လိုမည်ဖြစ်ကြောင်းတိုက်တွန်းလိုပါသည်။
No comments:
Post a Comment