ယုတ်ညံ့တဲ့အောင်ပွဲထက် စွမ်းအားပိုရှိပါတယ်။
(မာတင်လူသာကင်း)
အဖြူနဲ့အမည်း
အမှောင်နဲ့အလင်း
တိုက်ပွဲတွင်းက
မာတင်လူသာကင်းဆိုတဲ့ လူစွမ်းကောင်း
ပေါ်ထွန်းခဲ့တယ်။
အတိတ်စကား
အတိတ်ကားလည်း
လှုပ်ရှားသက်ဝင်
ရာဇဝင်မှာ
အားအင်မာန်တင်း
စိတ်သစ္စာသွင်းတယ်
ရန်သူ့ထမင်းနဲ့
ငါမကြီးပြင်းလို
မင်းရဲကျော်စွာ
ရာဇဝင်ကမ္ဗည်းထိုးခဲ့တယ်။
ငြိမ်းချမ်းရေးနဲ့ အမှန်တရား
သေခြင်းမဲ့ အမတတရား
သက္ကရာဇ်ရထားက တင်ဆောင်သွား။
အမှောင်နဲ့အလင်း
တိုက်ပွဲတွင်းက
မာတင်လူသာကင်းဆိုတဲ့ လူစွမ်းကောင်း
ပေါ်ထွန်းခဲ့တယ်။
အတိတ်စကား
အတိတ်ကားလည်း
လှုပ်ရှားသက်ဝင်
ရာဇဝင်မှာ
အားအင်မာန်တင်း
စိတ်သစ္စာသွင်းတယ်
ရန်သူ့ထမင်းနဲ့
ငါမကြီးပြင်းလို
မင်းရဲကျော်စွာ
ရာဇဝင်ကမ္ဗည်းထိုးခဲ့တယ်။
ငြိမ်းချမ်းရေးနဲ့ အမှန်တရား
သေခြင်းမဲ့ အမတတရား
သက္ကရာဇ်ရထားက တင်ဆောင်သွား။
အောင်ဘညို
ရယ်စရာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၉။