ပင်လယ်ကြမ်းပြင်အောက်
ထိတွေ့ရောက်ရှိဖို့အတွက်
အသက်ရှုကရိယာမပါဘဲ
ထောက်မီနိုင်တာ ကဗျာ။
ကောင်းကင်ကိုပျံတက်
စက်မတပ်ရွက်မခပ်
ငှက်အတတ်မတတ်လည်း
လှည့်ပါတ်လို့ပြန်နိုင်တာ ကဗျာ။
ကမ္ဘာမြေတလွှား
စိတ်သွားတိုင်းကိုယ်ပါ
လိုရာနေရာကို
ယာဉ်ရထားမပါ
အရောက်သွားနိုင်တာ ကဗျာ........။
ညွန့်သစ်
(ကောင်းကင်ပင်လယ် ကဗျာလုံးချင်းစာအုပ်)