Sunday, 2 December 2012

SWEET DECEMBER


လပြည့်ည..ဘုရားပွဲကဂီတ
မီးပုံဘေး..အခါးရေခွက်နဲ့
အဆိပ်ငွေ့တွေ
ရှုရှိုက်ကြသေးတယ်။

မြစ်တွင်း..လှေတစ်စင်း
လှော်ခတ်ရင်း
ရာဇ၀င်များ၏သတို့သမီး
ဆိုညည်းကြတယ်။

ဖုန်မှုန့်တွေတထောင်းထောင်း
မျက်နှာသစ်ထားတဲ့
ဆောင်းနံနက်မှာ
ထမင်းကျော်တစ်ပွဲ
အတူတူဆွဲခဲ့ကြတယ်။

ဧရာဝတီရေ...
သူတို့ထံကသတင်းစကား
ငါ့ထံပါးကို
စီးဆင်းခဲ့စမ်းပါ။

(ဧရာဝတီမြစ်ဘေးအတူတကွတာဝန်ထမ်းဆောင်ခဲ့သောညီအကိုများသို့)

No comments:

Post a Comment